NEWS

မော်ရင်ညို ဖြေရှင်းရခက်နေတဲ့ ပေါ့ဘာ ရဲ့ နေရာ


လက်ရှိပရီးမီးယားလိဂ် မှာ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတွေကို ပိုင်ဆိုင်ထားခဲ့တဲ့ အထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း ပါဝင်ပါတယ်။

ပေါ့ဘာ ၊ မာတစ် ၊ မာတာ ၊ ဟာရဲယား ၊ ဖယ်လိုင်နီ စတဲ့ လက်ရှိစုဖွဲ့မှုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်နေခဲ့ပေမယ့် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အဓိက ရင်ဆိုင်နေခဲ့ရတာက ကွင်းလယ်ပိုင်း ပြဿနာပါ။ပေါ့ဘာ နဲ့ မာတစ်တို့ ရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းက ရာသီအစတွေမှာ အားရစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန် ကြာလာချိန်မှာ ရုန်းကန်ရမှုနဲ့ ရလဒ်တွေလည်း ကျဆင်းလာခဲ့ပါတယ်။

ဒီထဲမှာ မော်ရင်ညို အဓိကဖြေရှင်းရမယ့် ပြဿနာက ပေါ့ဘာအကောင်းဆုံးခြေစွမ်း ပြသနိုင်အောင် အသုံးပြုနိုင်ဖို့ပါ။ နောက်ပိုင်း ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ရလဒ်ပိုင်း ကျဆင်းခဲ့တာဟာ မော်ရင်ညို နဲ့ ပေါ့ဘာအပေါ်ကို ကျရောက်ခဲ့ပြီး တစ်ကမ္ဘာလုံးကလည်း မော်ရင်ညို ပေါ့ဘာရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို စောင့်ကြည့်နေခဲ့ပါတယ်။

ပေါ့ဘာဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဂိုးဖန်တီးမှု ၉ ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုမှာ အဆင့် ၅ နေရာမှာသာ ရပ်တည်နေခဲ့ပါတယ်။ ပေါ့ဘာထက်စာရင် ဘောလုံးပေးပို့ခဲ့တဲ့ အကြိမ်အရေအတွက် အောင်မြင်မှုဟာ မာတစ်က ပိုမိုသာလွန်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ တစ်သင်းလုံးဘောလုံးပေးပို့မှု အကောင်းဆုံး နဲ့ ဂိုးဖန်တီးနိုင်မှု အမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေတာက မန်စီးတီးအသင်းပါ။ ဒီဘရိုင်း ၊ ဆေးလ်ဗားတို့ရဲ့ မန်စီးတီးကွင်းလယ်က ပေါ့ဘာ ၊ မာတစ်တို့ဦးဆောင်တဲ့ ကွင်းလယ်ထက်များစွာသာလွန်နေပါတယ်။

မော်ရင်ညို ဖြေရှင်းရခက်နေတဲ့ ပေါ့ဘာ ရဲ့ နေရာ

ရာသီဝက်မှာ ပေါ့ဘာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို အနီကဒ် ပြသခံခဲ့ရတဲ့အဖြစ်တွေကလည်း ပေါ့ဘာရဲ့ အကောင်းဆုံး အချိန်တွေကို ရပ်တန့်လိုက်သလို ဖြစ်ခဲ့ပြီး နည်းပြမော်ရင်ညိုက ပေါ့ဘာရဲ့ နေရာမှာ လူငယ်ကစားသမား မက်တွန်မီနေးလ်ကို အသုံးပြုတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

ဇန်န၀ါရီမှာ ဆန်းချက်အသင်းကို ရောက်ရှိခဲ့တဲ့နောက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပေါ့ဘာတို့နဲ့ တွဲဖက်ပြီး ဘယ်လိုမျိုးပုံဖော်မယ်ဆိုတာကို အားလုံးက ထပ်မံစောင့်ကြည့်ခဲ့ကြပါတယ်။တိုက်စစ်အားသန်တဲ့ ပေါ့ဘာကို အသင်းရဲ့ ကွင်းလယ် ၂ ယောက်တွဲမှာ ပြန်လည်အသုံးပြုဖို့ မော်ရင်ညို နောက်တစ်ခါ စီစဉ်ခဲ့ပြီး ခံစစ်ပိုင်းကိုပါ ကူညီဖို့ ပြင်ဆင်ခဲ့ပါတယ်။ပေါ့ဘာလို ကစားသမား တစ်ဦးအတွက် ကွင်းလယ်မှာ ဘယ်နေရာပဲ ပွဲထွက်ခွင့်ရရ ပြဿနာ တစ်စုံတစ်ရာ မရှိနိုင်ပေမယ့် ပုံမှန်ကစားနေကျ နေရာမဟုတ်ရင်တော့ ကစားသမားတိုင်း ရုန်းကန်ရတာ အားလုံးအသိပါ။

မော်ရင်ညို ဖြေရှင်းရခက်နေတဲ့ ပေါ့ဘာ ရဲ့ နေရာ

ပေါ့ဘာဟာ ဘောလုံးပေးပို့မှု ၊ ခန္တာကိုယ်ကြံ့ခိုင်မှု ၊ ဂိုးကန်သွင်းမှု ၊ တစ်ဦးချင်းဖြတ်ကျော်မှုတွေမှာ ပြီးပြည့်စုံတဲ့သူတစ်ဦးဖြစ်ပြီး ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတစ်ဦးပါ။ ဒါ့ကြောင့် ဘောလုံးလောကမှာ ရှိတဲ့ဝေဖန်သူတွေက ပေါ့ဘာရဲ့ နေရာမှန်ကို ပြန်လည်ရောက်ရှိဖို့အတွက် မော်ရင်ညိုကို ဖိအားပေးပြောဆိုမှုတွေကလည်း မြင့်တက်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီကလည်း ပေါ့ဘာကစားနေကျ နေရာမှာ အသုံးပြုမှသာ အသင်းရဲ့ရလဒ်ပိုင်း ပြန်လည်ကောင်းမွန်လာမယ်လို့ သုံးသပ်ပြောကြားခဲ့ဖူးတာ ရှိပါတယ်။

“ပေါ့ဘာကို ဂျူဗင်တပ်အသင်းမှာ ကစားတုံးကလို ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ကစားခိုင်းသင့်တာပါ။ ခံစစ်ကို ကစားရမယ်ဆိုရင်တော့ ပေါ့ဘာ ပြဿနာ အနည်းငယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ် ၊ ဂျူဗင်တပ်မှာ တုံးက ပေါ့ဘာနဲ့ တွဲကစားမယ့် ပီယာလို ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်မှာလည်း မာတစ်ရှိနေပါတယ်။ နောက်တစ်တစ်ဦးဖြစ်တဲ့ မာတာနဲ့ တွဲပြီး ကွင်းလယ်ကစားသမား ၃ ဦးအသုံးပြုမယ်ဆိုရင် အသင်းရဲ့ ရလဒ်ပိုင်းနဲ့ ပေါ့ဘာရဲ့ ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်” လို့ ရွန်းနီပြောကြားခဲ့ဖူးပါတယ်။

မော်ရင်ညို ဖြေရှင်းရခက်နေတဲ့ ပေါ့ဘာ ရဲ့ နေရာ

နည်းပြမော်ရင်ညိုက သူ့ရဲ့ နည်းစနစ်ပိုင်းကို ယုံကြည်မှု မြင့်မားတဲ့သူတစ်ဦးဖြစ်ပြီး တိုက်စစ်အားသန်တဲ့ ကစားသမားတွေ များပြားနေခဲ့တဲ့ အသင်းမှာ ပေါ့ဘာကို ကွင်းလယ်အထိုင်အဖြစ် အသုံးပြုနေပါတယ်။ အသင်းရဲ့ ကစားကွက်ကို ၄ – ၂ – ၃ – ၁ ကစားပုံ ပြောင်းလဲပြီး ပေါ့ဘာကို ကွင်းလယ်မှာ စိတ်ကြိုက်ကစားစေမယ်ဆိုရင်တော့ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရှိနေပါတယ်။



Source link

قالب وردپرس

Leave a Reply

Your email address will not be published. Required fields are marked *